Welcome to First Year Geography Specialization Students!

           ကြားကာလ သို့မဟုတ် အသွင်ကူးပြောင်းရေးကာလအတွင်း CDM ပြုလုပ်ထားသော ပတမနှစ် ပထဝီဝင်အထူးပြု ကျောင်းသားကျောင်းသူများ ပညာသင်ကြားမှု အခွင့်အလမ်းကို ပြန်လည်ဖော်ဆောင် ပေးသည့်အနေဖြင့် ပညာဆက်လက်သင်ယူမှု အစီအစဉ် Virtual Learning Platform တစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်ပါသည်။ ဤသင်ယူမှု အစီအစဉ်တွင် ကျောင်းသားကျောင်းသူများကိုယ်တိုင် လေ့လာသင်ယူမှု (Self Study) ပုံစံဖြစ်အောင် စီမံထားရှိပါသည်။ ဘာသာရပ်အားလုံးတွင် သင်ယူရမည့်သင်ခန်းစာများကို Powerpoint, Audio, Video, Text (Pdf) များကို လေ့လာပြီး ဖြေဆိုရမည့် Quiz များနှင့် Assignment များပါဝင်ပါသည်။

            ဘာသာရပ်တိုင်းရှိ သင်ခန်းစာများကို အနည်းဆုံး (၆၀) ရာခိုင်နှုန်း ပြီးစီးမှသာ သင်ယူမှု ပြီးမြောက်သည်ဟု မှတ်ယူမည်ဖြစ်ပါသည်။ အကယ်၍ သတ်မှတ်ထားသော ရာခိုင်နှုန်း မပြည့်မီပါက ထပ်မံလေ့လာနိုင်ပြီး သတ်မှတ် ရာခိုင်နှုန်းပြည့်မီသည်အထိ ကြိုးစားနိုင်ရန်လည်း စီစဉ်ထားရှိပါသည်။

            တော်လှန်ရေးကာလအတွင်း ကြောင်းအမျိုးမျိုးကြောင့် Online ကို အချိန်ပြည့် အသုံးမပြုနိုင် ကြသေးသူများ ရှိနိုင်သောကြောင့် မိမိအဆင်ပြေသည့် အချိန်တွင် ၂၄ နာရီပတ်လုံး ဝင်ရောက်လေ့လာနိုင်ရန် စီစဉ်ဆောင် ရွက် ထားရှိပါသည်။