ချစ်ခင်ရပါသော ကျောင်းသား/ ကျောင်းသူ များ မင်္ဂလာပါ။

မြန်မာ့နွေဦး တက္ကသိုလ် (MNOU) ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီ ဒုတိယနှစ်ဝက်ပညာသင်ကာလကတော့ ရက်ပေါင်း ၉၀ ကြာမြင့်မှာဖြစ်ပြီး (1.3.2023)နေ့တွင် သင်တန်းစတင်၍ (14.6.2023)နေ့တွင် သင်တန်းပြီးဆုံးမှာ ဖြစ်ပါတယ်။

သင်တန်းများ ကို https://he.moeedu.org/ ကနေ moodle learning platform ဖြင့် စတင်တော့မှာ ဖြစ်ပါတယ်။

သို့ပါ၍ (1.3.2023)နေ့ကစပြီး သင်ခန်းစာများကို စတင်လေ့လာနိုင်ပြီ ဖြစ်ပါတယ်။

ကျောင်းသား/ ကျောင်းသူများ အနေနှင့် သတိပြုရမှာကတော့ သင်ခန်းစာများကိုလေ့လာတဲ့အခါမှာ သင်ခန်းစာတစ်ခုပြီးမှ နောက်သင်ခန်းစာ တစ်ခုကိုဆက်သွားလို့ရမှာ ဖြစ်ပါတယ်။ သင်ခန်းစာတိုင်းမှာ သက်ဆိုင်ရာသင်ခန်းစာရဲ့ quiz များကိုလည်း မပျက်မကွက် ဝင်ရောက်ဖြေဆိုသွားဖို့ လိုအပ်ပါတယ်။

အလားတူ လက်တွေ့သင်ခန်းစာများကိုလည်း တစ်ခုပြီးတိုင်း quiz ဝင်ဖြေရမှာဖြစ်ပါတယ်။ အဲလိုဝင်ဖြေမှလည်း နောက်သင်ခန်းစာတစ်ခုကို ဆက်ဖွင့်လို့ရမှာဖြစ်ပါတယ်။ လေ့လာဖြေဆိုရမယ့် သင်ခန်းစာများကို အပတ်စဉ် တင်ပေးသွားမှာဖြစ်ပါတယ်။

Virtual သင်တန်းများ အတွက် သင်ကြားမှုကို တိုက်ရိုက် မှတ်တမ်း ယူထားသော ဗွီဒီယိုများအပြင် ဆရာ/ ဆရာမ များမှ ဖန်တီးထားသော ကျူတိုရီရယ် များပါဝင်ပြီး သက်ဆိုင်ရာ အတန်း တစ်ခုစီအတွက် မိမိလျှောက်လွှာပါ User ID ကိုအသုံးပြု၍ ဝင်ရောက်လေ့လာရမှာဖြစ်ပါတယ်။

assessment အနေနဲ့ quiz ဝင်ရောက်ဖြေဆိုမှု၊ သင်ခန်းစာဝင်ရောက်လေ့လာမှု (နောက်ဆုံးနှစ် နှင့် တတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသားကျောင်းသူများအနေနဲ့ Project Paper) တို့ကို အကဲဖြတ်မှာဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း ပြီးစီးအောင်လေ့လာသွားဖို့ လိုပါတယ်။

ချစ်ခင်ရပါသော ကျောင်းသား/ ကျောင်းသူ များနှင့် မိသားစုများ

ကျွန်ုပ်တို့ ဒီလိုခက်ခဲတဲ့ အချိန်များကို အတူတကွလက်တွဲပြီး တစ်သားထည်း ဖြတ်သန်းကြရမှာပါ

Online ပညာရေးအစီအစဥ်ဖြင့်သာ     ဆက်လက်ပညာသင်ကြားနိုင်ဦးမှာဖြစ်ပြီး ကျောင်းသား/သူများအနေဖြင့် စိတ်ပျက်အားငယ်မနေပဲ ခက်ခဲသော အချိန်များကို ကျန်းမာစွာဖြတ်သန်းရင်း .....

သင်တို့အားလုံးအတွက် ကျွန်ပ်တို့အမြဲရှိနေမည်။

 

မှတ်ချက် -

သင်တန်းသို့ ဝင်ပုံကို ဤနေရာတွင်ကြည့်ပါ။ (https://www.facebook.com/100086498222883/posts/130859806473960/)

သင်တန်းသို့ နောက်တစ်ကြိမ်ဝင်ရောက်ရန် အခက်အခဲတစ်စုံတစ်ရာရှိပါက ၎င်း page (https://www.facebook.com/mnou2022) message box တွင် တိုက်ရိုက် ဆက်သွယ် စုံစမ်းနိုင်ပါသည်။