မောင်မယ်သစ်လွင်တို့ရေ စာကြည့်တိုက်နှင့်သုတပညာဘာသာရပ်ဆိုင်ရာ ခရီးစဥ်အသစ်ကိုစတင်ဖို့ ရွေးချယ်ခဲ့ကြတဲ့ မောင်မယ် သစ်လွင်တို့ တစ်ဦးချင်းတစ်ယောက်ချင်းစီကို စာကြည့်တိုက်နှင့်သုတပညာစာသင်ခန်းက လေးစား တန်ဖိုးထားကြိုဆိုလိုက်ပါတယ်။ 

မောင်တို့မယ်တို့အနေနဲ့ စာသင်ကာလအတွင်း အထူးသတိပြု စေလိုတဲ့ အချက်လေးတွေရှိပါတယ်။ စာသင်နှစ်(ပထမနှစ်ဝက်)မှာ Foundation Courses တွေဖြစ်တဲ့ Ma 1001 (ပင်ရင်းမြန်မာစာ) နှင့် Eng 1001 (English) (၂)ခု၊ Core/Major Courses တွေဖြစ်တဲ့ LI 1101 (History of Alphabets: Books and Libraries) နှင့် LI 1102 (Organization of Knowledge: Cataloguing and Classification) (၂)ခု၊ ပြီးတော့ မောင်တို့မယ်တို့ ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ခဲ့သော Elective/Minor Courses တွေဖြစ်တဲ့ Phil1002 (Ethical Values in Myanmar Society), Psy 1004 (General Psychology (I) and HR 1001 (History of Human Rights Development (I)) (၃) ခုထဲက(၂)ခု၊ စုစုပေါင်းဘာသာရပ် (၆) ခု ကို လေ့လာကြရမှာဖြစ်တယ်။

 ဒီဘာသာရပ် (၆) ခုကို အချိုးညီညီ မျှမျှတတ ပြည့်စုံစွာလေ့လာမှ သာလျှင် ပထမနှစ်ဝက်ကို အောင်မြင်စွာဖြတ်ကျော်ပြီးမြောက်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာဘာသာရပ်တစ်ခုစီအတွက်လေ့လာရမည့်သင်ခန်းစာများနဲ့သက်ဆိုင်သော Video Lectures, PDF Files, Quiz, Assignment အစရှိသော သင်ခန်းစာအာလုံးကို စနစ်တကျပြင်ဆင်ထားပြီးကျောင်း သားကျောင်းသူများ အနေဖြင့်မိမိတို့အဆင်ပြေတဲ့အချိန်ဝင်ရောက်လေ့လာနိုင်ပြီးကိုယ်တိုင် (self-study) ပြုလုပ်ကာ Quiz နဲ့ Assignment တွေကိုမပျက်မကွက်ဖြေဆိုပေးရမှာဖြစ်ပါတယ်။

စာသင်ကာလအတွင်း မောင်တို့မယ်တို့သိလိုတဲ့အချက်ကလေးတွေကို မေးမြန်းနိုင်စေဖို့ အောက်ဖော်ပြပါ Library of Information Studies BOE ရဲ့ Telegram https://t.me/+kJ3HJkE2O8cwN2Fl ကိုချိတ်ဆက်ထားဖို့ လိုပါတယ်။

 စာကြည့်တိုက်နှင့်သုတပညာဘာသာရပ်ဘုတ်အဖွဲ့